Maxcin-2-SL

မှိုနှင့်ဘက်တီးရီးယားများကြောင့် ဖြစ်သောရောဂါများစွာကို ကာကွယ်ပေးနိုင်သော ဆေး ဖြစ်သည်။ သီးနှံပင်အတွင်းလျှင်မြန်စွာ ပျံ့နှံ့နိုင်ကာ မှိုနှင့်ဘက်တီးရီးယားများ၏ ပရိုတင်း ဖြစ်ပေါ်မှုကိုဟန့်တားပေးသဖြင့် ရောဂါဖြစ်ပွားစေခြင်းကို လျော့ကျစေပါသည်။ စပါးသီးနှံတွင် ဘက်တီးရီးယား အစေ့အဆန်ပုပ်ရောဂါနှင့်ပျိုးထောင်စဉ် ကျလေ့ရှိသော ဘက်တီးရီးယား ရောဂါများ၊ ခရမ်းချဉ် အပျော့ပုပ်ရောဂါ၊ ပဲမျိုးစုံဟေလိုဘလိုက်ရောဂါ၊ အာလူး၊ မုန်လာဥနီနှင့် ကြက်သွန်တို့တွင်ဖြစ်ပွားလေ့ရှိသော အာဝီးနီးယားအပျော့ပုပ်ရောဂါများ၊ အခြားမှိုရောဂါများ ဖြစ်သည့် မြေပဲဆာကိုစပိုးရားရွက်ပြောက်ရောဂါနှင့် ပဲမျိုးစုံတွင် ကျရောက်သော မှဲ့ပြောက်စွန်း ရောဂါတို့ကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ပါသည်။

Farmlink မှထုတ်လုပ်သော ပစ္စည်း နှင့် ပတ်သက် ၍ အသေးစိတ်သိရှိ လို ပါက
09 264189400 ၊ 09 783231907 ၊ 09- 8581785 သို့ဆက်သွယ် ပါ။