Ridweed

ပင်လုံးပြန့်အာနိသင်ရှိ ရွေးချယ်မဲ့ပေါင်းသတ်ဆေးဖြစ်သည်။ အရွက်မှအပင်တစ်ပင်လုံးသို့ ပြန့်နှံ့ပြီး အမြစ်ကိုပါဆွေးစေသည်။ တစ်နှစ်ခံနှင့်နှစ်ရှည်ခံမြက်မျိုးရင်းများ၊ မြက်မုံညင်းများ၊ ရွက်ပြန့်ပေါင်းများ စသည့်ပေါင်းပင်များကို ထိရောက်စွာနှိမ်နင်းနိုင်သည်။ ရာသီသီးနှံစိုက်ခင်းများတွင် သီးနှံမစိုက်မီ ပေါင်းပင် များကို ရစ်ဒ်ဝိဒ်အာပီဖြင့်နှိမ်နင်းထားပါက ထွန်ယက်မှုလွယ်ကူစေပြီး သီးနှံစိုက်ပျိုးချိန်တွင် ပေါင်းပင် ပေါက်ရောက်မှုလျော့နည်းသဖြင့် သီးနှံပင် ကြီးထွားမှုဖွံ့ဖြိုး မြန်ဆန်စေသည်။ နှစ်ရှည်သီးနှံစိုက်ခင်းများတွင် ပေါက်ရောက်သော ပေါင်းများကိုနှိမ်နင်းရာတွင် အပင်ခြေမှ အနည်းငယ်ခွာ၍ ဆေးဖျန်းရမည်။ မြေလွတ်မြေရိုင်းများ၊ စက်ရုံ၊ အိမ်ခြံ၊ လမ်းပရဝုဏ်စသည်တို့တွင် ပေါက်သော ပေါင်းမြက်များကို နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။

မှတ်ချက်။ ။ ပေါင်းသတ်ဆေးဖျော်သောရေသည် ကြည်လင်သော ရေဖြစ်ရမည်။

Farmlink မှထုတ်လုပ်သော ပစ္စည်း နှင့် ပတ်သက် ၍ အသေးစိတ်သိရှိ လို ပါက
09 264189400 ၊ 09 783231907 ၊ 09- 8581785 သို့ဆက်သွယ် ပါ။