စပါးတွင်ကျရောက်သော ဖျက်ပိုးများ

စပါးဆစ်ပိုး-

  • စပါးရွက်အောက်မျက်နှာပြင်၊ ရွက်ဖုံးပေါ်နှင့် ရွက်ဖုံးကြားအစုလိုက် ဥဥလေ့ရှိသည်။
  • ပိုးလောက်ကောင်ဘဝ ပင်စည်အတွင်း ဝင်ရောက်ဖျက်ဆီးသည်။
  • အပင်ငယ်စဉ်ကျပါက ပင်စည်အူပုပ်ခြင်းနှင့် ခေါင်ညွှန့် သေလက္ခဏာများကိုတွေ့ရမည်။
  • စပါးနှံထွက်ချိန်ကျပါက ထောင်မတ်နေသော အဖြူရောင်စပါးနှံခြောက်များကိုတွေ့ရမည်။

အသုံးပြုရမည့်ဆေး- ဗိုက်တာဖျူရမ်၊ ဗိုက်တာဂရို၊ ဘီနီဖစ်၊ ဗိုက်တာရှီး။

insect-01

စပါးကြက်သွန်မြိတ်ပိုး-

  • စပါးရွက်အောက်မျက်နှာပြင်၊ ရွက်ဖုံးပေါ်နှင့် ရွက်ဖုံးကြားအစုလိုက် ဥဥလေ့ရှိသည်။
  • ပိုးလောက်ကောင်ဘဝ ပင်စည်အတွင်း ဝင်ရောက်ဖျက်ဆီးသည်။
  • အပင်ငယ်စဉ်ကျပါက ပင်စည်အူပုပ်ခြင်းနှင့် ခေါင်ညွှန့် သေလက္ခဏာများကိုတွေ့ရမည်။
  • စပါးနှံထွက်ချိန်ကျပါက ထောင်မတ်နေသော အဖြူရောင်စပါးနှံခြောက်များကိုတွေ့ရမည်။

အသုံးပြုရမည့်ဆေး- ဂိမ်း၊ ဗိုက်တာဘရာ၊ ကွန်ဖီးဒင့်၊ စတား။

insect-02

ငမြှောင်တောင်-

  • အကောင်ငယ်စဉ် အရွက်၏ အစိမ်းရောင်အသားကိုခြစ်စားသဖြင့် အဖြူရောင်ကွက်များ တွေ့ရမည်။
  • အကောင်ကြီးဘဝ-ညနေပိုင်းနှင့် မနက်အစောပိုင်းတွင် အရွက်များ၊ အနှံများကို ကိုက်ဖြတ်စားသည်။
  • အစုလိုက် အပြုံလိုက် ဆိုးရွားစွာ ကျရောက်လေ့ရှိသည်။

အသုံးပြုရမည့်ဆေး- အယ်လ်ဖာ၊ ဗေးလစ်၊ ဗိုက်တာမီသရင်၊ ဗိုက်တာရှီး၊ကွန်ဖီးဒင့်။

insect-03

စပါးရွက်လိပ်အိမ်ပိုး-

  • စပါးပင်ငယ်စဉ် ပိုမိုကျရောက်သည်။
  • မိုးစပါးနှင့် ရေကြီးနစ်မြှုပ်သောနေရာများတွင်ကျရောက်လေ့ရှိသည်။
  • စပါးရွက်များကို အလျားလိုက်အလိပ်ပြုလုပ်ပြီး အတွင်းမှ နေ၍ အရွက်အောက်မျက်နှာပြင်ကို ခြစ်စားသည်။
  • စိုက်ခင်းအတွင်း ရွက်လိပ်ရွက်ပြတ်များကို တွေ့ နိုင်သည်။

အသုံးပြုရမည့်ဆေး- ဗိုက်တာရှီး၊ ပရီဆိုက်၊ ဆလက်ပလပ်၊ ကွန်ဖီးဒင့်၊ အော်တီမာ။

insect-04

စပါးပိုးလောင်မီး-

  • အကောင်ငယ်ဘဝ အရွက်ကို ထွင်း၍ဖျက်ဆီးခြင်းကြောင့်အရွက်များမီးလောင်ထားသကဲ့သို့ ခြောက်နေတတ်သည်။
  • အကောင်ကြီးဘဝ အပင်အစိတ်အပိုင်းအားလုံးကို ဖျက်ဆီးသည်။
  • ပိုးကျရောက်မှုများပါက အပင်ခြောက်၍သေနိုင်သည်။

အသုံးပြုရမည့်ဆေး- ဗိုက်တာမီသရင်၊ ဗိုက်တာရှီး၊ ဗေးလစ်၊ ဗိုက်တာဘရာ၊ ဆလက်ပလပ်။

insect-05

စပါးဖြုတ်ပိုး –

  • အပင်ရည်ကို စုပ်စားသဖြင့် အရွက်များညိုပြီး ခြောက်သွားသည်။
  • အပင်ကြီးထွားမှုအားနည်းကာ ဗိုင်းရပ်ရောဂါများကို ကူးစက်စေသည်။
  • အပင်ငယ်စဉ် ဖြုတ်စိမ်း ကျတတ်ပြီး ဖြုတ်ညိုသည် အပင်သက်တမ်းရင့်မှ ကျသည်။

အသုံးပြုရမည့်ဆေး- ဗိုက်တာဂရို၊ မာလာနွန်၊ ကွန်ဖီးဒင့်။

insect-06

စပါးနှံဖြတ်ပိုး –

  • ပိုးကောင်ဖျက်ဆီးမှုကြောင့် အရွက်များမှာ စုတ်ပြတ်နေပြီး စပါးစေ့များ၊ အနှံများကို အပင်ရင်းတွင်တွေ့ရတတ်သည်။
  • ညနေ နေဝင်ချိန်မှ မိုးသောက်ချိန်ထိ အနှံများကို ကိုက်ဖြတ်စားသည်။

အသုံးပြုရမည့်ဆေး-အယ်လ်ဖာ၊ ဗေးလစ်၊ ဗိုက်တာမီသရင်။

insect-07

ဖောင်စီးဂဏန်း –

  • ဇူလိုင်လလယ်လောက်တွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ ဒီရေ၀င်သော လယ်ကွင်းများတွင်တွေ့ရတတ်သည်။
  • ပင်လယ်ဒီရေနှင့်အတူပါလာသော ဂဏန်းများသည် အစုလိုက်ဥဥပြီး အကောင်ပေါက်များသည်စပါးပင်ငယ်များနှင့် ပျိုးပင်ပင်စည်းများကို ကိုက်ဖြတ် ပျက်ဆီးသဖြင့် စပါးအထွက်နှုန်းကိုကျဆင်းစေသည်။

အသုံးပြုရမည့်ဆေး- ဗိုက်တာရှီး၊ ဗိုက်တာဘရာ။

insect-08

စပါးနှံစုပ်ပိုး –

  • စပါးနှံမပေါ်ခင် အရွက်နုများကို စုပ်စားဖျက်ဆီးသည်။
  • စပါးနှံစေ့ပေါ်တွင် ညိုနက်ရောင် အစက်များတွေ့ရမည်။

အသုံးပြုရမည့်ဆေး- ဂိမ်း၊ ဗိုက်တာဂရို၊ ဗိုက်တိုအိတ်၊ ဗိုက်စန်၊ ဆလက်ပလပ်၊ ကွန်ဖီးဒင့်။

insect-09
 

စပါးတွင်ကျရောက်သော ရောဂါများ

စပါးယူဖရာရောဂါ/စပါးလောင်မီးရောဂါ-

  • နီမတုတ်ကြောင့်ဖြစ်သည်။
  • အရွက်အခြေတွင် အဖြူရောင်အစက်များ၊ အစင်းများ၊ အကွက်များနှင့် စတင်ပြီးနောက် အညိုရောင်/ညိုမဲရောင်သို့ပြောင်းသွားသည်။
  • အရွက်များတွန့်လိမ်ကောက်ကွေးခြင်း၊ရွက်ဖုံးများပုံမမှန်ခြင်း၊ ပင်ခြေအဆစ်များဖောင်းကားပြီး ပုံမမှန်သော ပင်ပွားထွက်ခြင်းများကိုတွေ့ရသည်။
  • အနှံများမအောင်ဘဲ တခင်းလုံးမီးလောင်ကျွမ်းသကဲ့သို့ ခြောက်သွေ့သွားသည်။

အသုံးပြုရမည့်ဆေး- ဗိုက်တာဖျူရမ်၊ ဘီနီဖစ်။

insect-10

စပါးရွက်ဖျားဖြူရောဂါ-

  • မျိုးစေ့ဆောင် နီမတုတ်ရောဂါဖြစ်သည်။
  • အရွက်၏ထိပ်ဖျား(၃-၅ စင်တီမီတာ)ခန့်ဖြူပြီး လိမ်ကောက်ခြောက်သွေ့နေသော်လည်း ကျန်အစိတ်အပိုင်းများမှာ ပုံမှန်အစိမ်းရောင်အတိုင်းရှိသည်။
  • အလံရွက် ရှုံတွ၍ အနှံများမထွက်နိုင်ဖြစ်တတ်သည်။
  • အနှံထွက်ပါကလည်း အစေ့အဆန်မတည်သည်ကို တွေ့ရမည်။

အသုံးပြုရမည့်ဆေး-ဗိုက်တာဖျူရမ်။ ဘီနီဖစ်၊ ဗိုက်တာမိုင်း၊ အင်ဗွိုင်း။

insect-11

စပါးမြစ်ဖုရောဂါ-

  • နီမတုတ်ကြောင့်ဖြစ်သည်။
  • ရောဂါကျရောက်လျှင် စပါးပင်၏ အမြစ်များတွင် အဖုအလုံးများဖြစ်ပေါ်သည်။
  • အရွက်များဝါခြင်း၊ ပင်ပွားအထွက်နည်းခြင်း၊အရပ်ပုခြင်းနှင့် အနှံမအောင်ခြင်းများကို တွေ့ရမည်။

အသုံးပြုရမည့်ဆေး-ဗိုက်တာဖျူရမ်။ ဘီနီဖစ်။

insect-12

စပါးဂုတ်ကျိုးရောဂါ-

  • နွေစပါးတွင် ပိုမိုကျရောက်သည်။
  • စပါးရွက်ပေါ်၌ အလယ်တွင် မီးခိုရောင်နှင့် လွန်းပုံသဏ္ဍာန်အကွက်ဖြစ်ပေါ်သည်။ ရောဂါကွက်တစ်ခုနဲ့တစ်ခုဆက်သွားပါက စပါးရွက်ခြောက်သွားသည်။
  • အနှံတွင်ရောဂါကျပါက ဂုတ်တွင် အညိုရောင်ကွက်များဖြစ်ပေါ်ပြီး ကျိုးကျတတ်သည်။
  • နို့ရည်မတည်ခင်ရောဂါကျပါက နို့ရည်ဆက်မတည်ဘဲရှိသည်။

အသုံးပြုရမည့်ဆေး- အဂရီးသိမ်း၊ ဗိုက်တာမိုင်း၊ ခရူဇာ၊ စကုပ်၊ အင်ဗွိုင်း။

insect-13

စပါးဘက်တီးရီးယားပင်ခြေပုပ်ရောဂါ-

  • ပင်ပွားအများဆုံးထွက်ချိန်တွင်တွေ့ရသည်။
  • ရောဂါလက္ခဏာမှာ အရွက်များအဝါရောင်ပြောင်းခြင်းနှင့် ပင်ပွားများ အညိုရင့်ရောင်ပုပ်ဆွေးသွားခြင်းဖြစ်သည်။
  • ရောဂါသည် ရွက်လျှာမှ စတင်ပြီးနောက် ရွက်ပြား၊ အဆစ်များ၊ ပင်စည်အူတိုင်များ၊ ပင်စည်အခြေပိုင်းနှင့် အမြစ်များထိ ကူးစက်ပျံ့နှံ့ပြီးအမဲ ရောင်ပုပ်ဆွေးသွား၍ ပင်ပွားများမှာ အလွယ်တကူဆွဲနုတ်ယူနိုင်သည်။
  • ဆိုးရွားသောအနံ့ရှိသည်။
  • အသုံးပြုရမည့်ဆေး- အောက်ဆီ။

insect-14

ရွက်ဖုံးခြောက်ရောဂါ-

  • ရေမျက်နှာပြင် အထက်ရှိ ရွက်ဖုံးများတွင် ညိုနက်ရောင်အနားသတ်ရှိ မီးခိုရောင်အနာကွက်ဖြစ်ပေါ်သည်။
  • အနာကွက်ပေါ်တွင် အဖြူ/မည်း မှိုလုံးများကိုတွေ့ရကာ ရွက်ဖုံးတစ်ခုလုံးခြောက်သွားမည်။
  • အရွက်နှင့်ပင်စည်ကိုကူးကာ အစေ့အဆံအဖျင်းများဖြစ်စေသည်။
  • အသုံးပြုရမည့်ဆေး- အဂရီးသိမ်း၊ အဂရီးမီးလ်၊ ဗိုက်တာမိုင်း၊ အင်ဗွိုင်း၊ အင်နာဂျီ၊ ဂရေ့စ်။

insect-15

စပါးရွက်ညိုပျောက်ရောဂါ-

  • အရွက်နှင့်အစေ့ခွံပေါ်တွင် နှမ်းစေ့အရွယ် အညိုရောင်အစက်အပြောက်များတွေ့ရသည်။
  • အစက်တစ်ခုနှင့်တစ်ခုဆက်သွားပြီး အညိုရောင်အနားရစ်နှင့် မီးခိုရောင်ဗဟိုရှိသော အကွက်များဖြစ်လာပြီး အရွက်များခြောက်သေသွားသည်။
  • အနှံခက်၏ အဆစ်များကြားတွင်ဖြစ်ပါက အစေ့အဆန်တည်မှု နည်းသည်။
  • စပါးစေ့တွန့်လိမ်၍ အရောင်ပျက်စေသည်။
  • အသုံးပြုရမည့်ဆေး-ဗိုက်တာမိုင်း၊ အင်ဗွိုင်း၊ ဂရေ့စ်။

insect-16

ရွက်ညိုပြောက်ရှည်ရောဂါ-

  • ရွက်ပြားများပေါ်တွင် ရွက်ကြောနှင့်အပြိုင် သေးရှည်ရှည်အညိုပြောက်များ ဖြစ်ပေါ်ပြီးအလယ်တွင် ညိုနက်ရောင်ရှိသည်။ ကွက်ပြောက်များလာပါက အရွက်ထိပ်ပိုင်းမှ ရွက်ရင်းဘက်သို့ ခြောက်လာပြီး ညှိုးကျသွားသည်။
  • နိုက်ထရိုဂျင် ဓါတ်ချို့တဲ့သောမြေများတွင် ဤရောဂါဖြစ်လွယ်သည်။
  • အသုံးပြုရမည့်ဆေး- ဗိုက်တာမိုင်း၊ အင်ဗွိုင်း၊ ဂရေ့စ်။

insect-17

ဘတ်တီးရီးယားရွက်ခြောက်ရောဂါ-

  • စပါးပင်သက်တမ်းတစ်လျှောက် ရောဂါဝင်ရောက်နိုင်သည်။
  • ရောဂါလက္ခဏာသည် စပါးပင် အောက်ရွက်ဖျား/ရွက်နားများတွင် ရေစိုနာကွက်များနှင့် စတင်သည်။ ၎င်းနောက်ကောက်ရိုးခြောက်ရောင် မှ အဖြူရောင်သို့ပြောင်းသွားသည်။
  • ရောဂါကွက်နားများမှာ မညီမညာ လှိုင်းတွန့်ပုံရှိနေတတ်သည်။
  • ပျိုးခင်းအဆင့်တွင် ရောဂါကျပါက အပင်ညှိုး၍ သေစေသည်။
  • နံနက်စောစော နှင်းကျပြီး ရောဂါရအပိုင်းမှ ဘတ်တီးရီးယား စိမ့်ထွက်ရည်များထွက်၍ နေ့ခင်းပိုင်းတွင် ပယင်းရောင်အလုံးကလေးများအဖြစ်မြင်ရသည်။
  • အသုံးပြုရမည့်ဆေး- အောက်စီ။

insect-18

စပါးပင်စည်ပုပ်ရောဂါ-

  • အပင်ကြီးအဆင့်တွင်တွေ့ရသည်။
  • ရေနှင့် ထိစပ်နေသော ရွက်ဖုံးတွင် အမည်းရောင် ရေစိုနာကွက်များသည် ။
  • ပင်စည်သို့ကူးကာ ဆစ်ကြားများအတွင်း ပျော့ပုပ်လာ၍ အပင်ယိုင်လဲစေသည်။
  • ဆစ်ကြားကို ခွဲကြည့်ပါက အမည်းရောင်မှိုမျှင်များနှင့် အနက်ရောင် စကရိုရှားမှိုများ ပြန့်ကြဲနေသည်ကိုတွေ့ရမည်။
  • ပျိုးပင်အရွယ် ဖြစ်ပါက အရွက်များ ဝါ၍ခြောက်သွေ့ကာ သေသွားသည်။
  • အပင်ကြီးအစောပိုင်းအဆင့်ရောဂါဝင်ပါက အထွက်နှုန်းကို ထိခိုက်စေသည်။
  • အသုံးပြုရမည့်ဆေး-အောက်စီ၊ အင်နာဂျီ၊ ဗိုက်တာမိုင်း။

insect-19