ဝါတွင်တွေ့ရသောဖျက်ပိုးများ

ဖြုတ်

  • အပင်သက်တမ်းတစ်လျောက်လုံး ကျရောက်သည်။
  • အရွက်များပေါ်တွင် စုဝေးနေထိုင်ပြီး အရွက်နုများမှ ပင်ရည်ကို စုပ်ယူစားသောက်သည်။
  • အပင်ကြီးထွားမှု အစောပိုင်းတွင် ဖြုတ်ကျရောက်ပါက အပင်အားနည်းခြင်းအပင်ကြီးထွားမှုနည်းခြင်းတို့ကို ဖြစ်စေသည်။

အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ ဗိုက်တာဂရို၊ အော်ပတီမာ၊ အဆက်၊ ဂိမ်း။

insect-150

ပ်

  • ပျများသည် အရွက်အောက်မျက်နှာပြင်နှင့် အညွှန့်၊အဖူးတို့တွင် ပင်ရည်ကို စုပ်ယူစားသောက်ဖျက်ဆီးသည်။
  • ပျကျရောက်မှုပြင်းထန်ပါက အပင်အားနည်းခြင်း၊ ကြီးထွားမှုရပ်တန့်ခြင်း၊ အရွက်များဝါ၍ ရောင်မညီ ကွက်ကြားများဖြစ်ခြင်း၊ အပွင့်အသီးမအောင်ခြင်းတို့ကို ဖြစ်စေပြီး ပိုင်းရပ်စ်ရောဂါများကူးစက်စေသည်။
  • ပျသည် အချိုရည် စစ်ထုတ်ခြင်းကြောင့် မှိုရောဂါများဖြစ်စေသည်။

အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ အော်ပတီမာ၊ အဆက်၊ ဂိမ်း၊ အယ်လ်ဖာ။

insect-10

ပိုးစေးနဲ/မီလီဂျပိုး

  • အရွက်၊ ပင်စည်၊ ကိုင်း၊ အညွှန့်တို့တွင်ကျရောက်ဖျက်ဆီးသည်။
  • သစ်ရည်ကို စုပ်ယူစားသောက်သောကြောင့် အရွက်များအရောင်ဖျော့၍ ဝါလာခြင်း၊ အပွင့်ကန်းခြင်း၊ အသီးတင်မှုနည်းခြင်းတို့ဖြစ်စေသည်။

အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ ဗိုက်တာရှီး၊ အော်ပတီမာ၊ ဆလက်ပလပ်၊ ကွန်ဖီးဒင့်။

insect-151

လှေးပိုး

  • အရွက်၊အညွှန့်၊ အဖူး၊ အပွင့်များကို စုပ်စားကြသည်။
  • အရွက်ခုံး၍ တွန့်လိမ်ရှူံတွခြင်း၊အရွက်များငွေရောင်သန်းခြင်း၊ တခါတရံ အညိုရောင်ပြောင်းသွားခြင်းများကိုတွေ့ရမည်။
  • အပွင့်တွင်ကျပါက ပန်းပွင့်များပုံသဏ္ဍာန်ပျက်၍ အပွင့်ကန်းခြင်း၊ အသီးတင်နည်းခြင်းတို့ဖြစ်နိုင်သည်။

အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ အော်ပတီမာ၊ အဆက်၊ ဗိုက်စန်၊ ဂိမ်း၊ ကွန်ဖီးဒင့်။

insect-11

မွှားပင့်ကူနီ

  • အရွက်အောက်မျက်နှာပြင်မှ သစ်ရည်များကို စုပ်ယူစားသောက်သဖြင့် အရွက်နားများခြောက်၍ ကုပ်ခြင်း၊ အရောင်မညီကွက်ခြင်း၊ အရွက်ပေါ်တွင် ဝါညိုရောင်အကွက်များဖြစ်ပေါ်နေသည်။
  • ဆိုးရွားစွာကျရောက်ပါက မွှားပင့်ကူနီများမှ စစ်ထုတ်သော တံတွေးတွင် ပါဝင်သည့် အဆိပ်များကြောင့်အရွက်များ လောင်ကာကြွေကျသွားသည်။

အသုံးပြုရမည့်ဆေး- ပံသာ၊ အင်နာဂျီ၊ ဂိမ်း၊ ပရီဆိုက်။

insect-12

ယင်ဖြူ

  • ဝါပင်သက်တမ်းတစ်လျောက်လုံး ကျရောက်ဖျက်ဆီးတတ်ပြီး ဝါရွက်တွန့်လိမ်ခြောက်သွေ့စေသည်။
  • ဗိုင်းရပ်စ် ပိုးများသယ်ဆောင်ပြီး ရောဂါကူးစက်စေသည်။

အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ အော်ပတီမာ၊ အဆက်၊ ဂိမ်း။

insect-77

ဝါသီးလုံးဖောက်ပိုး

  • ဝါပင် အညွန့်သစ်ထွက်ချိန်မှ အသီးဖြစ်ချိန်ထိ ကျရောက်သည်။
  • ပိုးလောက်ကောင်ဘဝ အရွက်၊အဖူးအပွင့်များကို စားသုံးရာမှ ဝါပိန့်ထွက်ချိန် ဝါသီးအတွင်းထိုးဖောက်ဝင်ရောက်ဖျက်ဆီးသည်။
  • ပိုးလောက်ကောင်သည် နေ့အချိန်ပင်ခြေနှင့်အရွက်အပွင့်များကြား ခိုအောင်းနေ၍ နံနက်ပိုင်းနှင့် ညနေပိုင်းတွင်အပင်ကိုတိုက်ခိုက်သည်။

အသုံးပြုရမည့်ဆေး-ဗိုက်တိုအိတ်၊ ဂိမ်း၊ ကွန်ဖီးဒင့်၊ ဆလက်ပလပ်စ်။

insect-152

ဝါတွင်တွေ့ရသောရောဂါများ

ဝါပင်ညှိုးရောဂါ

  • ဖြူစေရီယမ်မှိုကြောင့်ဖြစ်သည်။
  • ဝါပင်သက်တမ်းတစ်လျောက်ကျရောက်သည်။
  • ရောဂါကျရောက်ပါက အောက်ရွက်အနားမှစတင်၍ အဝါရောင်ပြောင်းပြီး တရွက်လုံးပျံ့နှံ့ကာ ပျော့ခွေရှုံတွန့်သွားသည်။
  • အောက်မှအထက်ရွက်များသို့ တဖြည်းဖြည်းကူးစက်ပြီး အရွက်များကြွေကျသွားသည်။
  • အပင်တခြမ်းညှိုးခြင်း၊ တစ်ပင်လုံး ညှိုးခြင်းနှင့် တခါတရံအရိုးပြိုင်းပြိုင်းဖြစ်သွားတတ်သည်။
  • ဝါပင်သက်တမ်းတစ်လျောက်ကျရောက်သည်။
  • ပင်စည်နှင့်အမြစ်အတွင်းပိုင်းအမည်းရောင်သွားသည်။

အသုံးပြုရမည့်ဆေး-အဂရီသိမ်း၊ ပရော့စပါး၊ အောက်စီ၊ စကုတ်။

insect-15

ပင်ရင်းပုပ်/အခြောက်ပုပ်

  • ရိုက်ဇိုတိုးနီးယား မှိုကြောင့်ဖြစ်သည်။ ပျိုးပင်နှင့် အပင်ငယ်များတွင်အဖြစ်များသည်။
  • ဝါပင်ပေါက်ငယ်များကို နုတ်ကြည့်ပါက အပင်ခါးပြတ်မသွားဘဲ ရေသောက်မြစ် အလွယ်တကူကျွတ်ပါလာသည်။
  • အစေ့ရွက်များရှုံ့တွခြင်း၊ အဝါရောင်သို့ပြောင်းသွားခြင်း၊ အရွယ်အစားသေးငယ်ခြင်းများတွေ့ရသည်။
  • မြေကြီးနှင့်ထိစပ်နေသော ပင်စည်အရင်းပိုင်း အညိုဖျော့ရောင်၊ နီညိုရောင်အနာကွက်များဖြစ်ပေါ်ပြီး ကြာပါက မည်းနက်ရောင်သို့ပြောင်းသွားသည်။
  • ရောဂါပြင်းထန်ပါက အမြစ်များပုပ်ပြီး အပင်လဲကျသေသည်။

အသုံးပြုရမည့်ဆေး-ပရော့စပါး၊ အောက်စီ၊ အင်ဗွိုင်း၊ စကုတ်။

insect-17

ဝါဒေါင့်ကွက်လက်မည်းရောဂါ

  • ဘက်တီးရီးယားကြောင့်ဖြစ်သည်။
  • အရွက်၊ရိုးတံနှင့်ပင်စည်ပေါ်တွင် ရေစိုနာကွက်၊ ဆီကွက်ပုံစံတွေ့ရပြီး ဒေါင့်ကွက်ပုံများဖြစ်နေသည်။
  • အညိုရောင်ကွက်တွင် အဝါအနားပါရှိသည်။
  • အသီးပေါ်တွင်ရေစိုနာကွက်များပေါ်ပါက အသီးပုပ်စေသဖြင့် ဝါထွက်လျော့နိုင်သည်။

အသုံးပြုရမည့်ဆေး-အောက်စီ။

insect-18