အာဟာရဓာတ်အချိုး

ဟူးမစ်အက်ဆစ် – 70% ၊ ဖူးလ်ဗစ်အက်ဆစ် – 6%၊ ပိုတက်ဆီယမ် (K2O) – 10% တို့ပေါင်းစပ်ပါဝင်သည်။

အပင်အတွက် မရှိမဖြစ်အာဟာရ (K2O)နှင့် မြေဆီလွှာအတွက် မပါမဖြစ် (Humic acid) ပေါင်းစပ်ထုတ်လုပ်ထားတဲ့ သဘာဝအာဟာရ အားဖြည့်မြေဩဇာဖြစ်ပါသည်။ မြေသားဖွဲ့စည်းမှုအား ထိန်းညှိ ကောင်းမွန်စေသည်။ မြေစေးခြင်း၊ ဖွယ်ခြင်းများကို ထိန်းညှိပေးသည်။ မြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များ၏ ဖလှယ်နိုင်မှုကို တိုးတက်ကောင်းမွန်စေသည်။ မြေဆီလွှာအတွင်းရှိ အကျိုးပြု အဏုဇီဝပိုးများအား ပွားများရှင်သန်စေသည်။ မြေဆီလွှာအတွင်းရှိ လေဝင်လေထွက်မှုကိုမျှတစေပြီး အစိုဓာတ်ထိန်းသိမ်းမှုအား မျှတစေသည်။ နှစ်စဉ်ဆုံးရှုံးသွားသော မြေဆီမြေနှစ်များအား ပြန်လည်အားဖြည့်ပေးပြီး မြေဩဇာကို ရေရှည်အကျိုးပြုထက်သန်စေပါသည်။

Farmlink မှထုတ်လုပ်သော ပစ္စည်း နှင့် ပတ်သက် ၍ အသေးစိတ်သိရှိ လို ပါက
09 264189400 ၊ 09 783231907 ၊ 09- 8581785 သို့ဆက်သွယ် ပါ။