အကျိုးအာနိသင်
မေဂျာ ပဲတီစိမ်း၊မတ်ပဲရွက်ဖျန်းမြေသြဇာတွင် ပဲမျိုးစုံအတွက် လိုအပ်သောအဓိကအဟာရဓာတ်များ ပါဝင်ပါသည်။
အဓိကအဟာရဓာတ်များ ပါဝင်သည့်အတွက် ရောဂါ၊ ပိုးမွှား၊ ရာသီဥတုဒဏ်များကို ခံနိုင်ရည်ရှိစေသည်။
အပင်၏ အင်ဇိုင်းများကို လှုံ့ဆော်ပေးပြီး အမြစ်၊ ပင်စည်၊ အကိုင်း၊ အခက်၊ အရွက်ကြီးထွားသန်စွမ်းစေသည်။

အသုံးပြုပုံ
ဆေးဖျန်းပုံးတစ်ပုံးတွင် မေဂျာ (၁) (၅)ဇွန်းမှ (၁၀)ဇွန်း (၅၀ စီစီ မှ ၁၀၀ စီစီ) နှင့် မေဂျာ (၂) (၅)ဇွန်း မှ (၁၀)ဇွန်း
(၅၀စီစီ မှ ၁၀၀စီစီ) ရောစပ်ပြီး တစ်ဧကနှုန်းအနည်းဆုံး (၅)ပုံးနှုန်းဖျန်းပါ။
အပင်သက်တမ်း (၁၅)ရက်သားတွင် စဖျန်းနိုင်ပြီး (၁၀)ရက်ခြားတစ်ကြိမ်နှုန်းဖြင့် သီးနှံစိုက်ခင်းအခြေအနေအပေါ်မူတည်၍
ပက်ဖျန်းနိုင်သည်။ နေအေးချိန်တွင် ပက်ဖျန်းပါ။
ဖျန်းပြီး (၄)နာရီအတွင်းမိုးရွာပါက ထပ်မံဖျန်းရန် လိုအပ်ပါသည်။
ထုံး၊ ကန့်၊ ဒုတ္ထာများပါဝင်သော မှိုသတ်ဆေး၊ ပိုးသတ်ဆေးများဖြင့် ရောစပ်အသုံးမပြုရ။

မေဂျာ(၁) နှင့် မေဂျာ(၂) ကိုတွဲစပ်ပြီး အသုံးပြုရမည်။

Farmlink မှထုတ်လုပ်သော ပစ္စည်း နှင့် ပတ်သက် ၍ အသေးစိတ်သိရှိ လို ပါက
09 264189400 ၊ 09 783231907 ၊ 09- 8581785 သို့ဆက်သွယ် ပါ။